ကိပ်ကော့သွား တောလား - ၃

Plimoth Grist Mill ကနေ ဝေလငါး သွားကြည့်မဲ့ Plymouth မြို့ကို နာရီဝက်သာသာလောက်ပဲ မောင်းရပါတယ်။ နေ့လည်စာစားပြီး ၁၂ နာရီ ၄၅ မှာ ဒီမှာပြန်ဆုံမယ်လို့ တိုးဂိုက်ကမှာပြီး နေ့လည်မှာစားဖို့ ရှာကြတော့ စားသောက်ဆိုင်တွေက ဈေးကြီးပြီး အတော်လေး စောင့်ရမဲ့ပုံ ရှိနေတော့ တိုးဂိုက်ညွှန်တဲ့ ဈေးမှာပဲ နေ့လည်စာစားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဈေးဆိုလို့ ဆိုင်ခန်းတွေရှိတဲ့ ဈေးလို့ထင်ရင် မှားပါလိမ့်မယ် ဈေးဆိုင်လေးက ဆိုင်သေးသေးလေးပါ။ ပုဇွှန်ကြော်နဲ့ထမင်း၊ ဆော်လမွန်ငါးနဲ့ အာလူးကြော် မှာပြီး ထိုင်ခုံနေရာရှာတာ မရဘူး။ ကိုယ်ညွှန်လို့ ၆ ယောက်ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်နေတဲ့ တရုတ်မကို ရှယ်ထိုင်လို့ရမလားလို့ ဝိုင်းက သွားမေးတာ မရဘူးတဲ့။ အတော်ရိုင်းတဲ့ တရုတ်မ ရှယ်ထိုင်ရမယ်ဆိုတာ မသိဘူးလား ဘာလားနဲ့ အတော်ဒေါပွ လိုက်ရသေးတယ်။ ကိုယ့်နောက်က မှာတဲ့သူတွေတောင် ရနေပြီ ကိုယ်တို့က မရသေးပါလား။ သွှားမေးတော့ ဆော်လမွန်ငါးကို ကင်တာမှာတာလား၊ ကြော်တာမှာတာလား။ ကင်တာမှာထားတာ အဲဒါဆို မိနစ် ၂၀ စောင့်ရမယ်တဲ့ တိန်။ စောင့်နေတုန်း ထိုင်ခုံလိုက်ရှာတော့ ဟိုအန်တီကြီးက လေးယောက်ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်နေတယ် သွားမေးရအောင်။ သွားမေးမနေနဲ့ထိုင်ခုံမှာ တစ်ရှူးလေးတွေ ချထားတယ်တွေ့လား အဲဒါ ၃ ယောက်ထိုင်မယ်လို့ စင်ကနယ်ပြထားတာ။

ထိုင်ခုံမရလေ တရုတ်မကို ဒေါသထွက်လေ တရုတ်မကို မျက်စောင်းထိုးကြည့်။ တရုတ်မက ကိုယ်တို့ ဒေါသအလိပ်လိုက် ထွက်နေမှန်းတောင် မသိဘူး သူ့ကိုကိုနဲ့ အကြည်ဆိုက်လို့။ လူလိုမသိတတ်တဲ့ တရုတ်မ ရုပ်လှပြီး စိတ်ပုပ်လိုက်တာ အေးလေ။ အဲဒီလို ထိုင်ခုံနေရာ မပေးတာနဲ့ ကိုယ်တို့တွေ ကြိမ်ဆဲနေလိုက်ကြတာ။ ဘော်စတွန် ကွင်စီဈေးမှာ ညနေစာစားတော့ ဒီထိုင်ခုံမှာ ဘယ်နှစ်ယောက်ထိုင်သလဲလို့ မင်းမေးတော့ ရှေ့ကကောင်မလေးက ၂ ယောက်လို့ ပြန်ဖြေတာကို မင်းက နားမလည်လို့ ထပ်မေးတာကို ဘေးမှာထိုင်နေတဲ့သူက မင်း ဝင်ထိုင်လို့ရတယ်လို့ပြောတာ မှတ်မိလား အဲဒီလို ဖြစ်ရမှာပေါ့ တတ်နိုင်သလောက် နှုတ်နဲ့စောင်မရမှာပေါ့။ စားစရာတွေကို to go အပြင်မှာစားမယ်လို့ ပြောလိုက်တော့ စက္ကူအိတ်တွေနဲ့ ထုပ်ပေးလိုက်တယ်။ နေရောင်အရမ်းခံလို့ မရတဲ့ကိုယ့်အတွှက် ဝိုင်းက စဉ်းစားပြီး နေရိပ်တဲ့နေရာ ရှာနေတာ မတွှေ့တာနဲ့ ဝိုင်းရေ မရှာနဲ့တော့ နေက အရမ်းမပူဘူး နေလောင်ခံခရမ်၊ လက်ရှည်၊ ဦးထုပ်ဆောင်းထားတယ် ဒီမှာပဲ စားရအောင်ဆိုပြီး ဆိုင်ဘေးနားက တံတားပေါ်မှာ စားလိုက်တော့တယ်။ အတော်လေး စောင့်ရတဲ့ ဆော်လမွှန်ကင်မို့ထင်တယ် စားကောင်းသား။ ဆော်လမွှန်ကင်ကို ပါတဲ့သံပုရာသီး ဖြန်းလိုက်တော့ ဝိုင်းက မစားတော့ဘူး သူက ဆော်လမွှန်ငါးကို ဒီအတိုင်းပဲ စားတာတဲ့။ ၁၂ နာရီ ၄၀ ရှိနေပြီ ဆိုင်ရှေ့မှာ လူတွေလည်း မတွေ့ပါလား ဆိုင်ရှေ့မှာ ကိုယ်တို့လို ယောင်နေတဲ့ အန်တီကြီး ၂ ယောက်တွေ့တယ်။ ရှေ့ခပ်လှမ်းလှမ်းမှာ လူတန်းရှည်ကြီးတွေ့တယ် ဝေလငါးသင်္ဘောကို တန်းစီနေကြတာလား မသိဘူး။

လှိုင်းလေထန်တဲ့ ဝေလငါးသင်္ဘော ၄ နာရီ မစီးခင်ကတော့ အဲဒီလို ပြံ ုးနိုင်တာပေါ့လေ

သွားကြည့်တော့ ဟုတ်ပါ့ တိုးဂိုက်က လက်မှတ်တွေ ဝေနေတယ်။ တိုးဂိုက်က ဒီဆိုင်ရှေ့မှာ ဆုံမယ်လို့ ပြောလိုက်တာမလား အေး ဒီတိုးဂိုက် အင်္ဂလိပ်စကားကို မရှင်းမလင်း ပြောပုံနဲ့တော့ ဒုက္ခပါပဲ။ ဟိုအန်တီကြီး ၂ ယောက်ကို တိုးဂိုက် သွှားခေါ်တယ်။ အပေါ်ထပ် သင်္ဘောဦးမှာ နေရာရတယ်။ မြို့လေးက သာသာယာယာရှိတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေး။ ကိုယ့်ဇာတိ ဟိုင်းကြီးကျွှန်းနဲ့တောင် တူတယ်။ သင်္ဘောစထွက်တာနဲ့ လေတအားတိုက်လို့ ကုပ်နေရတယ်။ မိနစ် ၂၀ လောက်ကြာရော မခံနိုင်တော့ဘူး နောက်ခုံကို သွားထိုင်ရတယ်။ နောက်ခုံမှာလည်း လူတွေ မရှိတော့ဘူး ချမ်းလို့ လေလုံတဲ့ အောက်ထပ်ကို ဆင်းပြေးကြပြီ။ လေထန်ပြီး လှိုင်းရိုက်လို့ ချွှဲချွှဲစို အစီအစဉ်ပြောပြသူ ကောင်မလေးက ကပ္ဗတိန်ကို ပြောပြလို့ ကပ္ဗတိန်က လမ်းကြောင်းနည်းနည်း ပြောင်းလိုက်တော့ လှိုင်းပုတ်တာ သက်သာသွားတယ်။ ဒါပေမဲ့လည်း လေထန်လို့ သင်္ဘောက နိမ့်လိုက်မြင့်လိုက် သင်္ဘောမစီးဘူးတဲ့သူအတွက်ဆို ကြောက်စရာကြီး။ ကိုယ်ကတော့ ဟိုင်းကြီးကျွှန်းသူဆိုတော့ ဟိုင်းကြီးနဲ့ ပြင်ခရိုင် သင်္ဘောစီးရင် အဲဒီလိုမျိုး လှိုင်းကြီးလေထန်တာကို ကြုံဖူးနေကျဆိုတော့ အေးဆေးပဲ။ ဝိုင်းက မူးလို့အောက်ထပ်ဆင်းရအောင်တဲ့။ လှိုင်းထန်လို့ အတော်လေး သတိထားပြီး ဆင်းရတယ်။ ထိုင်ခုံအလွှတ်တွေ့လို့ အားလားလို့ မေးတာကို အဖြေမစောင့်နိုင်တော့ဘူး ဝိုင်းက ထိုင်ချပြီး လက်ပေါ်မှာ ခေါင်းကိုမှောက်တင်ပြီး တချိုးတည်း အိပ်တော့တာပဲ။

လေလုံခန်းထဲမှာ ထိုင်နေရတာ မူးလာလို့ အပေါ်တက်တော့မယ်ဆိုပြီး တက်လာခဲ့တယ်။ ၂ နာရီလောက် မောင်းပြီးတဲ့အခါ ဝေလငါးတွေ ကျက်စားတဲ့ ရေနက်ပိုင်းကို ရောက်လာပြီမို့ ဝေလငါးတွေ သတိထားပြီး ရှာကြပါတယ်။ ပေါ်လိုက် ပျောက်သွားလိုက် နှာခေါင်းကနေ ရေတွေမှုတ်ထုတ်တာတွေ မြင်ရပေမဲ့ တကိုယ်လုံးတော့ မမြင်ရဘူး။ ဝေလငါးကို မြင်ရဇောနဲ့ကိုယ်တို့လည်း ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့ ဖတ်ဖတ်ကိုမော။ ဝေလငါးအမြီးထောင်ပြီး ထိုးဆင်းသွားတာက ဘယ်ဖက်ခြမ်း ကိုယ်ရောက်နေတာက ညာဖက်ခြမ်း။ အစီအစဉ် ကြေငြာသူက အတော်လေး သွှက်သွှက်လက်လက် ချက်ချက်ချာချာ ရှိပါတယ်။ ကပ္ဗတိန်က နောက်ထပ် ၁၅ မိနစ် အချိန်ပေးတယ် သွှက်သွှက်ကလေး ရှာကြနော်တဲ့။ အပြန်လမ်းမှာတော့ လူတွေလည်း ခြေကုန်လက်ပန်းကျလို့ အလာလမ်းလောက် မသွှက်လက်ကြတော့ဘူး။ အရမ်းအေးလာလို့ အောက်ထပ်ကို ဆင်းတော့ အောက်ထပ်မှာ လူအပြည့်။ ဝိုင်းအနားတောင် မရောက်လိုက်ဘူး လှေကားနားတင် ရပ်နေရတယ်။ မိနစ် ၂၀ လောက် မတ်တပ်ရပ်ပြီး နည်းနည်းနွှေးလာတာနဲ့ အပေါ်ထပ်ကို ပြန်ထပ်။ အပေါ်ထပ်မှာ ပင်လယ်လေကို ရှူရှိုက်ပြီး အဆုံးမရှိ ကျယ်ပြောတဲ့ ပင်လယ်၊  ကမ်းရိုးတန်းဒေသက ပင်လယ်ကမ်းခြေမြို့လေးကို လွှမ်းမောငေးမောရင်း ဇာတိမြေကို သတိရမိတယ်။ သင်္ဘောက ဆိပ်ကမ်းကပ်ခါနီး အောက်ထပ်ကိုဆင်း ဝိုင်းနားရောက်တော့ ကျွပ်ကျွပ်အိတ်ကို ထောင်ပြပြီး အန်ထားတာတဲ့ ဟေ။ မင်း ထိုင်ခုံနေရာအားလားလို့ မေးတာ အဖြေတောင် မစောင့်နိုင်တော့ဘူး ကိုယ် တချိုးတည်း ထိုးအိပ်ချရတယ်။

Plymouth,MA
ရေနွှေးငွေ့သင်္ဘောလို့ ထင်တယ်
နေ့လည်စာစားတုန်းက ပိုလို့ယူလာတဲ့ အာလူးကြော်ထုပ် ထည့်လာတဲ့ ကျွပ်ကျွပ်အိပ်ထဲကို အန်တာ။ ဘေးနားက အန်ကယ်ကြီးက ကျွပ်ကျွပ်အိတ် ထပ်ပေးတယ် အတော်လေး ဂရုစိုက်ကြပါတယ်။ ကိုယ်တော့ စားသမျှတွေ အကုန်အန်တော့ စားရမှာတောင် ကြောက်နေမိတယ်။ သူငယ်ချင်းက ဂရုစိုက်ဖို့ လိုအပ်နေချိန်မှာ ကိုယ်မရှိခဲ့တာကို အပြစ်မကင်းသလို ခံစားမိပေမဲ့ ကိုယ်က အောက်ထပ်မှာ နေလို့မရ မူးလာတော့လည်း အပေါ်ထပ်ကို တက်ရမှာပေါ့။ တောင်မင်း မြောက်မင်း မကယ်နိုင် ကိုယ့်ကိုကိုယ် အပြစ်တင်လို့မှ မရတာပဲလေဆိုပြီး စိတ်ဖြေရတယ်။ ဝိုင်းက သူ အီတလီမှာတုန်းက ဒီလိုမျိုး အကြာကြီး သင်္ဘောစီးဖူးပါတယ် ဘာမှမဖြစ်ဘူး ဒီတခါတော့ တကယ့်ကိုပဲ။ ဟ အဲဒီတုန်းက ရာသီဥတု သာသာယာယာ လှိုင်းလေငြိမ်သက်ပြီး ဒီလိုမျိုး ၄ နာရီ စီးရလို့လား။ ခုက လှိုင်းကထန် ၄ နာရီတောင် စီးရတာ မင်းရဲ့ limit ထက် ကျော်သွားလို့ နေမှာပေါ့။ ဟုတ်တယ် နောင်ဆို ကိုယ်သတိထားရတော့မယ်။ ကိုယ်ကတော့ ပင်လယ်သူ ဒါမျိုး ငယ်ငယ်ကတည်းက ကြုံဖူးနေကြဆိုတော့ မဆန်းတော့ဘူး။ တက္ကသိုလ်တက်တုန်းက ကိုယ့်သူငယ်ချင်းမြို့သူတွေ ကိုယ့်ဇာတိမြေကို လိုက်လည်ကြတာ သင်္ဘောစီးရတာ ကြောက်လို့တဲ့။ အတင်းတင်၊ အတင်းသုတ်၊ ဒုံးပျံနှုန်းနဲ့ ပြိုင်မောင်းကြတဲ့ ရန်ကုန်က ဘတ်စ်ကားတွေကမှ ကြောက်ဖို့ကောင်းတာကွလို့ ကိုယ်ပြောတော့ ရယ်လိုက်ကြတာ။ ညနေစာကို တိုးဂိုက်ညွှန်တဲ့ ဟိုတယ်နားကဆိုင်မှာ စားဖြစ်တယ်။ တရုတ်ဆိုင်ရှိပေမဲ့ နယူးအင်္ဂလန်ဒေသရောက်ရင် လော်စတာ၊ ချော်ဒါစွပ်ပြုတ်က စားကိုစားရမဲ့ အရာတွေမို့လို့စားဖြစ်အောင် စားပါတယ်။

ပျစ်ခဲနေတဲ့ ချောင်ဒါစွှပ်ပြုတ်ကို တဇွန်းမြည်းကြည့်ပြီး ဝိုင်းက သူမကြိုက်ဘူး မစားဘူးတဲ့။ သူ ဇွှန်းသန့်နဲ့ နှိုက်ထားတာမို့ အသန့်ပါ စားချင်ရင်စားပါတဲ့။ ကိုယ်က အစားအသောက် ဂျီးများသူမဟုတ်၊ ဘာမဆို အကုန်စားနိုင်ပြီး အကုန်စားကောင်းသူမို့ ချောင်ဒါကိုအပြတ်ရှင်းလိုက်ပါတယ်။ ဝိုင်းကတော့ နေ့လည်က လှိုင်းမှုးပြီး အန်ထားလို့ တို့ကနန်းဆိတ်ကနန်းပဲ စားတယ်။ ဝေလငါးကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွှေးချယ်ခဲ့တာဖြစ်ပြီး ဝေလငါးကြည့်တဲ့ခရီးမှာပဲ အတော်လေးခံစားရတာမို့လို့ နောက်ဆို ဒီလိုမျိုး ပင်လယ်ထဲကို အကြာကြီးသွားတဲ့ခရီးကို ရှောင်ပါတော့မယ်တဲ့။ cruise ပင်လယ်ကူးသင်္ဘောကြီးတွေကျတော့ ဘယ်လိုနေမလဲ ဒီလောက်ဘယ်လူးလိမ့်ပါ့မလဲ ပင်လယ်ကူးသဘောၤက အကြီးကြီးလေ။ အေးနော် အဲဒါကြောင့်မို့ အသက် ၆၀၊ ၇၀ ကျော်တွေ ခရူသင်္ဘောတွေ စီးနေကြတာပေါ့။ မနက်ဖြန်ဆိုရင် မန်ဆာချူးဆက်ပြည်နယ်က Marthas Vineyard ကျွှန်းကို သွားလည်ပြီး နယူးယောက်ကို ပြန်ပါတော့မယ်။ မာတာဗင်းရပ်ကျွှန်းသွားတဲ့အကြောင်းကိုတော့ အပိုင်း ၄ မှပဲ တင်ပါတော့မယ်။ ဘလော့မှာ ပို့စ်အသစ်တွေ မတင်တာ ၂ လလောက် ရှိပြီဆိုတော့ နေများမကောင်းဘူးလားလို့ စိတ်ပူနေကြတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ နေကောင်းပါတယ် အဖေနဲ့အဖေ လာလည်လို့ မအားတာနဲ့ ပို့စ်တွေ မတင်ဖြစ်တာပါ။ အဖေ၊ အမေတို့နဲ့ ဂရိတ်စမုတ်ကီတောင်တန်းတွေရှိတဲ့ တန်နက်စီပြည်နယ်ဖက်ကို ၃ ညအိပ်၊ ၄ ရက်ခရီး၊ ဝါရှင်တန်ဒီစီက ကယ်ပီတယ်ကို သွားလည်တဲ့အကြောင်း၊ လူးပက်အကြောင်း ရေးစရာတွေတော့ ရှိတယ်။ မကြာမှီလာမည် မျှော် .....။

စန်းထွန်း
သြဂုတ် ၆၊ ၂၀၁၇။

ကိုယ်တို့စီးတဲ့ ဝေလငါးကြည့်သင်္ဘော
ပင်လယ်ထဲကို ထိုးထွှက်နေတဲ့ သဲသောင်ပေါ်က အိမ်ကလေးတွေ
လှိုင်းပုတ်လို့ ကင်မရာရေစိုသွားတော့ Plymouth မြို့က ဝါးတားတား 
နေဝင်ချိန် တံလျှပ်
နယူးအင်္ဂလန်ဒေသရဲ့ လော်စတာနဲ့ ချောင်ဒါ 

4 comments:

Anonymous said...

I even miss Haing Gyi Kyun while I was reading your post. :)
You look beautiful and healthy.
Ma Ma Iora

Lorem Ipsum said...

လာလည်သွားတယ်နော် :P

Unknown said...

I am always looking forwards to your new post.

San San Htun said...

ဆုမြတ်မိုး said...
လာလည်သွားတယ်နော် :P
August 7, 2017 at 12:37 AM