Journey to Mars ...

Telsa roadster in orbit
photo credit - Google

အာကာသကို စိတ်ဝင်စားသူတွေအတွက်ကတော့ ၂၀၁၈ ဖေဖေါ်ဝါရီ ၇ ရက်နေ့က ထူးခြားတဲ့နေ့လို့ ဆိုရတယ်။ SpaceX ကုမ္ဗဏီကနေ အာကာသစတေရှင်အတွက် ထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ Falcon 9 လို့အမည်တွင်တဲ့ ဒုံးပျံ ၃ ခုပါဝင်တဲ့ ကမ္ဘာပေါ်မှာအကြီးဆုံးဒုံးပျံ Falcon Heavy အောင်မြင်စွာစမ်းသပ် လွှတ်တင်နိုင်တဲ့နေ့မို့လို့ပါပဲ။ အင်ဂျင် ၂၇ ခုပါဝင်ပြီး ၁၈ ဘိုးအင်း ၇၄၇ လေယာဉ်လို ပေါင် ၅ သန်း တင်နိုင် အာကာသထဲကို ၆၄ မက်ထရစ်တန် ( ၁၄၁၀၀၀ ပေါင်) လွှတ်တင်နိုင် Delta IV Heavy ထက် နှစ်ဆပိုသယ်နိုင်ပြီး ကုန်ကျစရိတ်က ၃ ပုံ၁ပုံပဲ ကုန်ကျတယ်လို့ SpaceX က ဆိုပါတယ်။ ဒုံးပျံတွေ စမ်းသပ်လွှတ်တင်တဲ့အခါ ပုံမှန်က ကွန်ဂရက်၊ စတီးအတုံးတွေပဲ လွှတ်တင်နေတာတွေက အင်မတန်ပျင်းစရာကောင်းလို့ သာမန်မဟုတ်တဲ့ နည်းနည်းခံစားလို့ရတဲ့အရာကို လွှတ်တင်ဖို့ SpaceX စီအီးအို Elon Musk ဆုံးဖြတ်ခဲ့ပါတယ်။ သူမှန်းထားတဲ့အတိုင်းပါပဲ လူတွေရင်ထဲ ရောက်ခဲ့တယ်ဆိုပါတော့။ Falcon Heavy ဒုံးပျံသယ်ဆောင်ပြီး အာကာသထဲကို လွှတ်တင်ခဲ့တဲ့အရာကတော့ ဒေါ်လာတသိန်းတန် Telsa ရဲ့ Roadster ကား။ ကားကို အာကာသယာဉ်မှုးဝတ်စုံဝတ်ဆင်ထားတဲ့ Starman လို့နာမည်ပေးထားတဲ့ လူရုပ်တုနဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့တာပါပဲ။ ကားရဲ့စတီယာရင်တိုင်မှာ Don't panic လို့ရေးထားပြီး David Bowie ရဲ့ Life on Mars သီချင်းကို ဖွင့်ထားခဲ့ပါတယ်။ ကားရဲ့ဘထ္ထရီက ၁၂ နာရီ ခံမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် ၄ နာရီပဲ ခံခဲ့ပါတယ်။ နောက်အောင်မြင်မှုတခုကတော့ ဒုံးပျံလွှတ်တင်တဲ့အခါ အရှိန်မြှင့်ပေးရတဲ့ booster တွေကို ပုံမှန်ဆိုရင် သမုဒ္ဒရာထဲလွှတ်ချပေမဲ့ SpaceX က ဒုံးပျံလွှတ်တင်ပြီးရင် သမုဒ္ဒရာထဲပစ်မချဘဲ သတ်မှတ်ထားတဲ့နေရာကို ပြန်ထားပြီး ပြန်လည်အသုံးချတာပါ။ booster ၃ ခုထဲက ၂ ခုဟာ မြေပြင်ပေါ် အောင်အောင်မြင်မြင် ဆင်းသက်ခဲ့ပါတယ်။ ဖလော်ရီဒါကမ်းခြေက သင်္ဘောပေါ်မှာ ဆင်းသက်ဖို့ သတ်မှတ်ထားတယ့် booster ကတော့ မိုင် ၃၀၀ အရှိန်နဲ့ သမုဒ္ဒရာထဲ ထိုးကျခဲ့ပါတယ်။

Final photo of star man
photo credit - Google
2 boosters successfully landed.
Photo credit  - Google

ဒုံးပျံတွေ ပေါက်ကွဲပျက်စီးသွားတာတွေ မြင်ဖူးထားတော့ ဒုံးပျံအောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ရင် တကယ်စိတ်သက်သာရာရတယ်လို့ Elon Musk က ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်နေ့ Eastern Standard Time နေ့လည် ၁ နာရီခွဲ ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစင်တာကနေ လွှတ်တင်ဖို့ သတ်မှတ်ထားတာ လေအရမ်းတိုက်နေလို့ ညနေ ၃ နာရီ ၄၅  မိနစ်မှာမှ လွှတ်တင်ဖြစ်ပါတယ်။ လွန်ခဲ့တယ့် ၇ နှစ်ခန့်က နာဆာရဲ့ နောက်ဆုံးအာကာသယာဉ်လွှတ်တင်တုန်းက လာကြည့်ကြတယ့် ပရိတ်သတ်လိုမျိုး မတွေ့ရတာအတော်ကြာပြီးမှ ဒီနေ့မှာတော့ ကြည့်ရှုသူနေရာမှာလည်းအပြည့်၊ ကမ်းခြေတွေမှာလည်းအပြည့်။ ဟိုတယ်၊ မိုတယ်တွေလည်း နေရာလွတ်မရှိအောင်ကို ပရိသတ်တွေ လာကြည့်ကြတယ်။ ကိုယ့်ရဲ့ bucket list တခုက ကနေဒီအာကာသ စင်တာကိုသွားပြီး အာကာသယာဉ်လွှတ်တာကိုကြည့်ဖို့ တနေ့နေ့ပေါ့။ ၁၉၉၅ စတန်းဖို့ဒ်တက္ကသိုလ်မှာ ရူပဗေဒဘာသာနဲ့ ပါရဂူဘွဲ့တက်ဖို့လာတဲ့ အီလွန်ဟာ ၂ ရက်တက်ပြီးတာနဲ့ အင်တာနက်ကိုလေ့လာဖို့ ကျောင်းကနေ ထွက်ခွာခဲ့ပါတယ်။ အွန်လိုင်းဈေးဝယ်ရာမှာ အသုံးပြုတဲ့  အွန်လိုင်းငွေပေးချေစနစ် Paypal ကို ရေးသားခဲ့ပြီး Ebay ကို ရောင်းချခဲ့ပါတယ်။ အီလက်ထရောနစ်ကား Telsa ၊ အာကာသဒုံးပျံကုမ္ဗဏီ SpaceX ၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလစ် ပြေးဆွဲမယ့် မြေအောက်အမြန်ကား Hyperloop ကုမ္ဗဏီတွေ တည်ထောင်ခဲ့ပါတယ်။ အီလွန်ရဲ့ အိုင်ဒီယာတွေက သူများနဲ့မတူ တမူထူးခြားလို့ အင်မတန်သဘောကျတယ်။ SpaceX က အစိုးရထောက်ပံ့ငွေမယူတဲ့ private company ကမ္ဘာမြေတပတ် အာကာသခရီးစဉ်ကို ဒေါ်လာတသန်းနဲ့ ပို့ဆောင်ပေးဖို့ ကြိုးစားနေတယ်။ Powerball ၊ Mega millions ထီ သန်း ၃၀၀၊ ၄၀၀ တို့ ပေါက်လို့ကတော့ ကမ္ဘာတပတ် အာကာသယာဉ်နဲ့ ပတ်ချင်သား။

Hyperloop
Photo credit - Google
Mission to Mars
Photo credit - ABC news

၂၀၄၀ မားဂြိုလ်မှာ လူအယောက် ၄၀ အခြေချနေထိုင်ဖို့ အီလွန်က ခန့်မှန်းထားတယ်။ မားဂြိုလ်ကို စူးစမ်းလေ့လာမဲ့ mars one ဆိုတဲ့ အဖွဲ့အစည်းရှိတယ်။ ၂၀၁၃ မှာ မားဂြိုလ်ကို စေလွှတ်မယ့် အာကာသယာဉ်မှုး လျှောက်လွှာတွေကို လက်ခံတယ်။ တကမ္ဘာလုံးက လျှောက်ကြတယ့်သူ အများကြီးထဲမှာမှ အယောက် ၁၀၀ အရင်ရွေးပါတယ်။ အိုင်အိုဝါကျောင်းက ပရော်ဖက်ဆာနာဂျစ်လည်း အယောက် ၁၀၀ ထဲမှာပါတယ်။ မားဂြိုလ်ခရီးစဉ်ဟာ ပြန်လမ်းမရှိတဲ့ခရီးဆိုတာ သိရက်နဲ့ဘာလို့လျှောက်ကြတာလဲ။ အေဘီစီသတင်းမှာ one way ticket ဆိုတာသိပေမယ့် မားဂြိုလ်သွားမယ့်အာသယာဉ်မှုးဖြစ်လို့ လေ့ကျင့်နေတဲ့သူတွေအကြောင်း။ 100 Mars မှာ ရွေးချယ်ခံရတဲ့ အရမ်းဝမ်းသာနေတဲ့သူအကြောင်းနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စိတ်ဝင်စားရင် အောက်ကလင့်ခ်တွေကနေ ကြည့်လို့ရပါတယ်။ ခုတော့ ရန်ပုံငွေလက်ကျန် သိပ်မရှိတော့လို့ မားဂြိုလ်ခရီးစဉ် ခဏရပ်နားထားတယ် ကြားတယ်။ ကိုယ်က အာကာသကို စိတ်ဝင်စားပေမယ့် ပြန်လမ်းမရှိတယ့် မားဂြိုလ်ခရီးစဉ်တော့ မသွားချင်ပါဘူး အဲ့လောက်သတ္တိမရှိဘူး။ မားဂြိုလ်ခရီး တကယ်ဖြစ်လာခဲ့ရင် တီဗွီဖန်သားပြင်ကနေ 5 ... 4 ... 3 ... 2 ... 1 .... ဆိုပြီး countdown လုပ်ပြီး အားပေးကြည့်ရှုနေမှာ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၈။

http://www.foxnews.com/tech/2018/02/08/elon-musk-posts-final-photo-tesla-roadster-headed-to-asteroid-belt.html

http://abcnews.go.com/Technology/signing-mission-mars-planning-return/story?id=29392141

http://abcnews.go.com/Technology/mission-mars-boldly/story?id=12607453

https://www.mars-one.com/

No comments: